ဇာဂနာ တဲ့ သွားဝေဒနာ ကုသရေးမှာမရှိမဖြစ် လိုအပ်တဲ့ တန်ဆာပလာ ရီစရာအဖြစ် နာမည်လေးယူခဲ့ပုံ ရတယ်။ ဟုတ်တယ်၊ ဝေဒနာကုဖို့  သူ လူဖြစ်လာတယ်သွားဝေဒနာတွေထက် အဆပေါင်းများစွာ ပိုပြင်းထန်တဲ့ စစ်ဖိနပ်အောက်က ပြည်သူ့ အနာခံစားမှုတွေဘ၀နဲ့  ရင်းပြီး ရိုးသားစွာ ကူညီဖေးမသူကုသတယ်။ လူတိုင်းနဲ့မတူ ဟာသလေးတွေနဲ့သာ ကူညီ ဖေးမ အမှန်တရားတွေကို ကြိုစား ဖေါ်ဆောင်ပြပေမဲ့ ရယ်စရာလေးတွေ ကိုပဲ ကြောက်စရာလို့ ထင်လက်နက်ထောင်သောင်းနဲ့ ဗိုလ်ပါတွေကို မြင်တော့ အော် ရယ်စရာတွေကိုလုပ်တာ ကိုဇာဂနာမှ မဟုတ်ပဲထမီသာ ၀တ်ထားဖို့ ကောင်းတဲ့သနားတယ် ထင်စရာသေနတ်ကိုင် စစ်ဗိုလ်ချုပ် လူ့ မလှိုင် ဂူးဒန် ဂန်ဒူးကြီးများပဲဆိုတာသိပြီးရင်း သိလာရတယ်။ ဒို့အသဲ ကိုဇာဂနာကြီး ကတော့ပြည်သူ့ အတွက်ဆိုလာမဲ့ဘေးပြေးတွေ့ ကြောက် မွှေးပါသူနဲ့သာနှုတ်လို့ အားနည်းသူ ပြည်သူကို စေတနာမှန်စွာ အမြဲ အားဖြည့်ခဲ့တယ်။ကိုသူရဆိုတဲ့ ပြည်သူ့အသဲ ဒေါက်တာဇာဂနာ မြန်ပြည် မှာ သင်ဟာ ကြယ်တပွင့် တကယ့်သူရဲကောင်းကြီးအဖြစ်ဒို့ ပြည်သူတွေအားလုံး ဂုဏ်ယူပြီးရင်း ဂုဏ်ယူ နေတဲ့ ပြည်သူ့ ဘက်တော်သားအစစ်အမှန်ဟာသဥာဏ်များနဲ့ အမြဲကူညီတတ်တဲ့ဇာနည်သားကောင်း လမ်းပြ အလင်းရောင် မီးရှူးတန်ဆေါင်တခု။ ။Saturday, June 7, 2008
ပြည်သူ့အသဲ ကိုဇဂနာ
ဇာဂနာ တဲ့ သွားဝေဒနာ ကုသရေးမှာမရှိမဖြစ် လိုအပ်တဲ့ တန်ဆာပလာ ရီစရာအဖြစ် နာမည်လေးယူခဲ့ပုံ ရတယ်။ ဟုတ်တယ်၊ ဝေဒနာကုဖို့  သူ လူဖြစ်လာတယ်သွားဝေဒနာတွေထက် အဆပေါင်းများစွာ ပိုပြင်းထန်တဲ့ စစ်ဖိနပ်အောက်က ပြည်သူ့ အနာခံစားမှုတွေဘ၀နဲ့  ရင်းပြီး ရိုးသားစွာ ကူညီဖေးမသူကုသတယ်။ လူတိုင်းနဲ့မတူ ဟာသလေးတွေနဲ့သာ ကူညီ ဖေးမ အမှန်တရားတွေကို ကြိုစား ဖေါ်ဆောင်ပြပေမဲ့ ရယ်စရာလေးတွေ ကိုပဲ ကြောက်စရာလို့ ထင်လက်နက်ထောင်သောင်းနဲ့ ဗိုလ်ပါတွေကို မြင်တော့ အော် ရယ်စရာတွေကိုလုပ်တာ ကိုဇာဂနာမှ မဟုတ်ပဲထမီသာ ၀တ်ထားဖို့ ကောင်းတဲ့သနားတယ် ထင်စရာသေနတ်ကိုင် စစ်ဗိုလ်ချုပ် လူ့ မလှိုင် ဂူးဒန် ဂန်ဒူးကြီးများပဲဆိုတာသိပြီးရင်း သိလာရတယ်။ ဒို့အသဲ ကိုဇာဂနာကြီး ကတော့ပြည်သူ့ အတွက်ဆိုလာမဲ့ဘေးပြေးတွေ့ ကြောက် မွှေးပါသူနဲ့သာနှုတ်လို့ အားနည်းသူ ပြည်သူကို စေတနာမှန်စွာ အမြဲ အားဖြည့်ခဲ့တယ်။ကိုသူရဆိုတဲ့ ပြည်သူ့အသဲ ဒေါက်တာဇာဂနာ မြန်ပြည် မှာ သင်ဟာ ကြယ်တပွင့် တကယ့်သူရဲကောင်းကြီးအဖြစ်ဒို့ ပြည်သူတွေအားလုံး ဂုဏ်ယူပြီးရင်း ဂုဏ်ယူ နေတဲ့ ပြည်သူ့ ဘက်တော်သားအစစ်အမှန်ဟာသဥာဏ်များနဲ့ အမြဲကူညီတတ်တဲ့ဇာနည်သားကောင်း လမ်းပြ အလင်းရောင် မီးရှူးတန်ဆေါင်တခု။ ။Posted by မြန်မာ့အားမာန် at 6:30 AM 0 comments
ဆိုင်ကလုန်းဒုက္ခသည်များ ပိုမိုအန္တရာယ်ကျရောက်စေရန် စစ်စိုးရလုပ်ဆောင်။
လူ့အခွင့်အရေး ချိုးဖောက်မှုများတွင် ထောက်ပံ့ပစ္စည်းများကို အလွဲသုံးစားလုပ်ခြင်း၊ ထိန်းသိမ်း ထားခြင်းများလည်း ပါဝင်သည်။ ထောက်ပံ့ပစ္စည်း များကို မုန်တိုင်းဒုက္ခသည်များထံ လွှဲမပေးဘဲ အစိုးရအရာရှိများက ထိန်းသိမ်းထားခြင်း၊ လမ်းကြောင်းပြောင်းခြင်း၊ ထိန်ချန်ထားခြင်းတို့နှင့် ပတ်သက်၍ တိုင်ကြားမှု(၄၀)ကို နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့မှ လက်ခံရရှိသည်ဟု ဆိုသည်။ ထိုကဲ့သို့ နအဖ အရာရှိကြီးများက မဟုတ်မဟတ် လုပ်ဆောင်နေမှုများနှင့် ပတ်သက်၍ တိုင်ကြား အစီရင်ခံမှုများ ရှိနေသော်လည်း ဒေသခံအရာရှိများအနေဖြင့် အပြစ်ပေးခြင်းမခံရကြောင်း၊ ဥပမာ ဆိုရလျှင် မေ (၂၆)ရက်၌ ရဲမှူး ဦးလူဝင်းသည် လှိုင်သာယာမြို့နယ်၊ ပန်းလှိုင်တံတားပေါ် တွင် မြန်မာပုဂ္ဂလိက အလှူရှင်များ၏ လေဘေးအလှူ ပစ္စည်းများ တင်ဆောင်လာသည့် ထရပ်ကား (၄၈)စီးကို ဖမ်းဆီးခဲ့ကြောင်း မျက်မြင်သက်သေ၏ပြောဆိုချက်ကို လက်ခံရရှိထားကြောင်း၊ အဆိုပါကား များကိုဇွန်လ (၁) ရက်နေ့အထိ ပြန်လွှတ်ပေးခြင်းမရှိကြောင်း စသဖြင့် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ဖော်ပြထားသည်။ ။
Posted by မြန်မာ့အားမာန် at 2:13 AM 0 comments
သံရုံးမှ ထွက်ပြေးမှုများလာမည်ကို နိုင်ငံခြား မြန်မာသံအမတ်ကြီးများ အထူးစိုးရိမ်နေ
လန်ဒန်မြန်မာသံရုံးမှ မြန်မာသံတမန်တဦးနှင့် မိသားစု ထွက်ပြေးပြီးနောက်ပိုင်း မြန်မာသံတမန်များ အလားတူ ထွက်ပြေးမည်ကို နိုင်ငံခြား မြန်မာသံအမတ်ကြီးများ အထူးစိုးရိမ်မကင်းဖြစ်နေသည်ဟု သံတမန်သတင်းရပ်ကွက်က ပြောသည်။ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ မြန်မာသံရုံးမှ ရုံးအုပ်ကြီးအဆင့်ရှိဒေါ်နွယ်နီနှင့်မိသားစု နေပြည်တော်ပြန်ပြောင်းရမည့်အချိန်တွင် သံရုံးမှ ထွက်ပြေးပြီး ဗြိတိသျှအစိုးရထံ နိုင်ငံရေးခိုလှုံခွင့် တောင်းခဲ့သည့်အတွက် နိုင်ငံခြားမြန်မာသံအမတ်ကြီးများယခုကဲ့သို့ စိုးရိမ်မကင်း ဖြစ်နေခြင်းဖြစ်သည် ဟု အမည်မဖော်လိုသည့် သံတမန်တဦးက ပြောသည်။လက်ရှိ နိုင်ငံခြားမြန်မာသံအမတ်ကြီးအများစုမှာ ဗိုလ်မှူးကြီးအဆင့်အနိမ့်ဆုံးရာထူးရှိသည့် စစ်ဘက်အရာရှိများဖြစ်သည်။ နိုင်ငံခြား တိုင်းပြည် များတွင် တာဝန်ထမ်းဆောင်နေသည့် မြန်မာ သံအမတ်ကြီးများကို ၂၀၀၄ ခု ဒီဇင်ဘာ (၂)ရက်နေ့အရောက် ရန်ကုန်ပြန်လာ သတင်းပို့ခိုင်းပြီး မကြာခင် စစ်ဘက်အရာရှိများနှင့် အစားထိုးခဲ့ခြင်းဖြစ်သည်။နိုင်ငံခြားမြန်မာသံရုံးများမှ ထွက်ပြေးသည့် အရပ်ဘက်ဝန်ထမ်းများသည် နိုင်ငံခြားရေးဝန်ကြီးဌာန နေပြည်တော်ပြောင်းပြီးနောက်ပိုင်း အပြေးများလာသည်ဟု နေပြည်တော်အရာရှိတဦးက ပြောသည်။ အထူးသဖြင့် နိုင်ငံခြားမှာ တာဝန်ကျသည့် နှစ်ပြည့်၍ နေပြည်တော် ပြန် ပြောင်းရမည့်အချိန် မျိုးတွင် မြန်မာသံရုံးမှ ထွက်ပြေးလေ့ရှိသည်ဟု ပြောသည်။ မကြာခင်နှစ်များအတွင်း ဘန်ကောက်မြန်မာသံရုံးမှ မြန်မာသံတမန်အမျိုးသမီးနှင့် မိသားစု ဖိလစ်ပိုင်နိုင်ငံသို့ ထွက်ပြေးခဲ့သည်ဟု သံတမန်သတင်း ရပ်ကွက်ကပြောသည်။ ၂၀၀၅ ခုနှစ်ကလည်း အမေရိကန်နိုင်ငံမြန်မာ သံရုံးဒု-သံအမတ် ထောက်လှမ်းရေး ဗိုလ်မှူး အောင်လင်းထွဋ် အမေရိကန် ၌ နိုင်ငံရေးခိုလှုံခွင့်တောင်းခဲ့သည်။ ဗိုလ်မှူးအောင်လင်းထွဋ်သည် ဇနီး၊ သား (၁)ဦး၊ သမီး (၂) ဦး၊ ညီမ (၁) ဦးတို့နှင့်အတူ နိုင်ငံရေး ခိုလှုံခွင့်တောင်းခဲ့ခြင်း ဖြစ်သည်ဟု Washington Post သတင်း စာက ရေးခဲ့သည်။ထောက်လှမ်းရေး ဒုတိယအကြီးအကဲ ဗိုလ်မှူးချူပ်ကျော်ဝင်း၏ တရားမ၀င်ဇနီးဟု စွပ်စွဲခံရသည့် မြန်မာအမျိုးသမီးတဦး ၀ါရှင်တန်ရောက်ပြီး မကြာခင် ထောက်လှမ်းရေး ဗိုလ်မှူးအောင်လင်းထွဋ်နှင့်မိသားစု နိုင်ငံရေး ခိုလှုံခွင့် တောင်းခဲ့ခြင်း ဖြစ်သည်။ ။
Posted by မြန်မာ့အားမာန် at 1:05 AM 0 comments
နအဖ၏ ဖွဲ့ စည်းပုံကို အသိအမှတ်မပြုကြောင်း ကြေညာချက်ကို မြန်မာနိုင်ငံလုံး ဆိုင်ရာ သံဃာ့တပ် ပေါင်း စုအဖွဲ့ကြီး၊ ၈၈ မျိုးဆက်ကျောင်းသားများ၊ ဗမာနိုင်ငံလုံး
Posted by မြန်မာ့အားမာန် at 12:03 AM
